Tuesday, June 3, 2008

အဝေးချစ်ခွင့်

မသိသေးပေမယ့်
အကြည့်ကလေးထဲမှာတောင်
အရိပ်အယောင်
ကိုယ်ထင်မပြမိအောင်လို့ 
သတိတွေဆောင်နေရတယ်...ခင်...
ဖွင့်ပြောချင်နှုတ်စကားကိုလည်း
ဆုပ်ကိုင်ကာ တစ်သက်သိမ်းလျက်
ရက်ချိန်းတွေတစ်ရွေ့ ရွေ့ ကာ
ကွေ့ ရှောင်မယ်ပေါ့ ထာဝစဉ်...
အလှကြည့်နေရတာကိုပဲ
ဘ၀၏အရာများစွာ
ပြည့်စုံတယ်လို့ ဆိုပါတော့...



ပွင့်လွှာကိုပန်ဆင်ဆင့်သူက
ပန်ခွင့်ကိုရယူသွားလျှင်လည်း
ဘ၀အပူ လူအသည်းပေမယ့်
အူထဲကို ကျွဲဝင်ဝှေ့ သလိုပ
မေ့မလိုမောင်ခံစား
ဒါလည်း...
ခဏပါပဲ...ခင်...
ပြုံးပျော်ရွှင်ခင့်ကိုမြင်လို့ 
နာကျင်တဲ့ဟောသည့်ရင်
ဝေဒနာလို့ ပင်မထင်တော့...
မကြေငြာနိုင်ပေမယ့်လည်း
ခင်ရယ်...
( ရင်ထဲမှာ )
ဖြေသာတယ်ပေါ့...

Written By : မောင်စိန်ဝင်း ( ပုတီးကုန်း )


ဒီပို့ စ်လေးကို ပရင့်ထုတ်မယ်

No comments:

Post a Comment

Web Analytics