တစ်နေ့က... စက်ထဲ ဘယ်လိုအကောင်တစ်ကောင်ကောင်က မွှေသွားလဲ မသိပါဘူး...
Application တွေဖွင့်ထားတာ Taskbar မှာ ဘာမှမပေါ်ဘူး...
Minimized လုပ်လိုက်တိုင်း Start Menu အောက် ပြေးပြေးဝင်သွားသလိုနဲ့...
Application တစ်ခုနဲ့တစ်ခုကြား ပြောင်းချင်ရင် Alt + Tab နဲ့  ကူးနေရတယ်...
ဖွင့်ထားတဲ့ Application ကလည်း အများသားဆိုတော့ ကိုယ့်ဟာကိုယ်ကို ဘာတွေ ဖွင့်လို့  ဖွင့်ထားမိမှန်းတောင်မသိဘူး... Taskbar မှာမှ မမြင်ရတာကိုးဗျ...
Antivirus တွေ Update လုပ်.. မကောင်းဆိုးဝါးအကောင်တွေရှင်းထုတ်မယ်ဆိုပြီး Scan စစ်ထုတ်တော့လည်း ဘာမှမတွေ့...
အတော်ခေါင်းစားတယ်... တတ်သလောက် မှတ်သလောက်လေးနဲ့  လုပ်ကြည့်တယ်... လုပ်တတ်တော့ဘူး.. ခေါင်းရှုပ်လာပြီပေါ့ဗျာ...
ဒါနဲ့ပဲ Ready Made ကလေးတွေနဲ့  ကစ်မယ်ဆိုပြီး Google မှာ ပြူးပြဲပြီးရှာလိုက်တော့ ဒီ VB Scripts သွားတွေ့တယ်... ဒေါင်းပြီး Run လိုက်တယ်...
အိုကေ... ခုန Start Menu အောက်ထဲ ပြေးပြေးဝင်နေတယ်ထင်ရတဲ့ Application Button တွေ အစီအရီထွက်လာပါလေရော...
ကဲ... ကျွန်တော့်လိုဖြစ်လာတဲ့ သူများ အဆင်ပြေအောင်လို့  အဲဒီ Script လေးလိုချင်ရင်တော့...အောက်မှာ ယူဗျို့...
Wednesday, May 20, 2009
Taskbar မွှေတဲ့မီး
Monday, May 4, 2009
ရောက်တတ်ရာရာ - ၁
ဒီနေ့ပါဆို မူဆယ် ရောက်နေတာ ဆယ်ရက်ရှိသွားပြီ...
တစ်နေ့ တစ်နေ့ အလုပ်ကလည်း မယ်မယ်ရရတော့ လုပ်စရာမရှိ... လူကလည်း မရှိလို့ ကလည်း အဆင်ကမပြေနဲ့...
ွှအွန်လိုင်းကလည်း နေ့တိုင်းမရ... ကော်နက်ရှင်လေးကောင်းပါစေပဲ အမြဲဆုတောင်းနေရတယ်...
ဘယ်မှလည်း မလည်ချင်နဲ့  ... အင်တာနက်လေး ကောင်းနေပါမှ အဆင်ပြေတာ...
လိုချင်တာလေးတွေရှာလိုက်... ဖတ်ချင်တာလေးတွေဖတ်လိုက်နဲ့ ...
ဘာပဲပြောပြော.. ဆိုးဘူး... ကော်နက်ရှင်လေးကောင်းနေရင်... မနေ့ကပဲ OS သုံးခု ဒေါင်းလော့ဆွဲလိုက်ရသေး... မိုက်မှမိုက်...
အလုပ်ထဲကနေ ည ကိုးနာရီလောက်မှ ပြန်.. ထမင်းဝင်စား... ပြီးတော့အိပ်... ဒီလိုပဲ လည်ပတ်နေရတာ...
ညည အိပ်မပျော်သေးခင်ဆို တူလေး တစ်ကောင် ( မျောက်မူးလဲ ) လေးကို အရမ်းသတိရနေတယ်...
ဘာပဲပြောပြောပါလေ.. အဝေးမှာ နေတတ်တာကတော့ အကျင့်ဖြစ်နေပြီဆိုတော့ အိမ်လွမ်းတဲ့ရောဂါကတော့ မရှိပေါင်...
ဒီနေ့လည်း တော်သေး... ကိုရွှေ အွန်လိုင်းလေး ကော်နက်ရှင် တစ်နေကုန်ရနေလို့ ...
"နက်ဖြန်လည်း ရပါစေသား အရှင်ဘုရား" လို့ ပဲ ဆုတောင်းရင်း...
Friday, May 1, 2009
Anti Autorun Killer, Taskill, ProcessExplorer
Anti AutoRun Killer လေးပါ... Portable လေးပါပဲ... သူ့ ကို Run ထားရင် CD တို့ , USB Flash Drive တို့ တပ်လိုက်ရင် Autorun မတက်အောင် ကာကွယ်ပေးပါတယ်... 
ဒါလေးက Taskill တဲ့...
Task Manager ခေါ်မရတဲ့ အခါ မလိုတဲ့ Process တွေကို သတ်ချင်ရင် သုံးလို့ ရပါတယ်...
ဒါလေးကလည်း Process တွေ သတ်ချင်ရင် သုံးဖို့ ပါပဲ... Task Manager လိုပဲ သုံးနိုင်ပါတယ်... 
Thursday, April 9, 2009
အော်... သင်္ကြန်....သင်္ကြန်....

အော်... ဘာလိုလိုနဲ့  သင်္ကြန်ရက်တောင်ရောက်တော့မှာပဲ.... ရုံးက ၁၀ ရက်နေ့ကနေ စပိတ်ပြီဆိုတော့ ပျင်းတော့ပျင်းသား...
ဒီနှစ်တော့ အိမ်တွင်းပဲအောင်းရတော့မဲ့ ဘ၀ပါ... လည်ခွင့်လည်းမရှိတော့ဘူးလေ... ပါမစ်ပိတ်သွားပြီ... သင်္ကြန်မတိုင်ခင် ကမြင်းကြောထတာ နည်းနည်းလွန်သွားတော့ ရာဇသံပေးတာ ခံထားရတယ်...
တူများတွေလို အိမ်မှာကလည်း အင်တာနက်က သုံးစရာမရှိတော့ ခက်ကပြီ... သီချင်းဖွင့်ပြီး သင်္ကြန်ယိမ်းပဲ က နေတာကောင်းပါမယ်..နော...
ဘယ်ရမလဲ... ထွက်မလည်ရတော့လည်း ရေချိုးခါနီးမှ ရပ်ကွက်ထဲလမ်းသလားလိုက်ရင် ကလေးတွေကတော့ သေချာပေါက် ရေပက်မှာပဲ.... အင်္ကျီကျွတ်နဲ့  ဆပ်ပြာတစ်ခဲကိုင်ပြီး သွားလိုက်မှာပေါ့... လာထားပဲ... ရေအချိုးရသက်သာလည်း နည်းသလားပေါ့...
အင်း... တစ်နှစ်လုံးမကောင်းတာ လုပ်တာတွေလည်းများခဲ့ပြီဆိုတော့ ယမမင်းမျက်နှာသာပေးအောင် နှစ်ဆန်းတစ်ရက်နေ့ မှ ငါးလေးဘာလေးလွှတ်ပြီး ဥပုသ်လေးတစ်ရက်လောက်စောင့်လိုက်ပါဦးမယ်လေ...
ပျော်ခွင့်ရှိတဲ့သူတွေတော့ ပျော်နိုင်ကြပါစေ.... လို့ ....
သူငယ်ချင်း အပေါင်းအသင်းမိတ်ဆွေအားလုံးလည်း နှစ်သစ်မှာ စိတ်သစ်ကိုယ်သစ်နဲ့  လန်းဆန်းပျော်ရွှင်ကြပါစေ... လို့ ...

Remix Songs
သင်္ကြန်မှာ သီချင်းဖွင့်ပြီး ကချင်ရင် ကလို့ ရအောင် DJ သားငယ်ရဲ့  Remix Songs နှစ်ပုဒ်ပါ...
အီဖေကိုယ်တို့ ကတော့ အိမ်ထဲအောင်းပြီးပဲ ကလေးတွေနဲ့  ကတော့မယ်... အဟေး..
နောက်ဆုတ်ဖို့ ကြိုးစားရင်းနဲ့  - ထက်နေကြည်![]()
နင်နဲ့  ငါနဲ့  ငါနဲ့  နင်နဲ့  - စိုင်းစိုင်းခမ်းလှိုင် + သီရိဆွေ![]()
Thursday, March 19, 2009
Windows Activators
ဒါလေးတွေကတော့ Microsoft Windows တွေအတွက် Activate လုပ်ဖို့  ဆော့ဝဲလ်လေးတွေပါ...
Windows XP, Windows Vista, Windows 7 တွေအပြင် Microsoft Office 2003, 2007 တို့ အတွက်ပါ အသုံးဝင်ပါတယ်...
ဒါလေးက 3500 MICROSOFT GENUINE SERIALS AND ACTIVATOR လေးပါ ... Serials တွေပါသလို GENUINE MAKER - ALL IN ONE လေးကိုလည်း အသုံးပြုနိုင်ပါတယ်..![]()
ဒါလေးက Windows Vista Crack လေးပါ...![]()
ဒါလေးက Windows 7 အတွက်ပါ... RAR ဖိုင်ကို ဖြည်လိုက်ရင် Activator နှစ်ခုပါတယ်... အဆင်ပြေတာကိုသုံးပါ...![]()
IDM v5.15.6
Internet Download Manager v5.15.6 လေးပါ...
ဘာ Serial, Crack မှမတောင်းပါဘူး... Silent Installer လုပ်ထားလို့  ဘာမှမေးမှာမဟုတ်ဘူး..
Run ပြီး ဘာမှ ပေါ်မလာလို့  ထပ်ခါ ထပ်ခါ မ Run ပါနဲ့ ... Start Menu ထဲ သွားကြည့်လိုက်ပါ...
Desktop ပေါ်မှာလည်း Shortcut ပေါ်နေပါလိမ့်မယ်...![]()
Monday, March 2, 2009
နည်းနည်းလေး ကျော်ကြည့်ရအောင်
ပိတ်ထားတဲ့ တစ်ချို့ ဆိုက်လေးတွေကို Hostname နဲ့ မထွက်ပဲ IP နဲ့ စမ်းထွက်ကြည့်တော့ ရတယ်ဗျ...
ဘလော့တွေတော့ အဆင်မပြေဘူး... တစ်ချို့ ဝက်ဘ်ဆိုက်တွေတော့ရတယ်...
တစ်ခါတစ်လေ ဆော့ဝဲလ်တစ်ခုခုလိုချင်ရင် 4Shared မှာ သွားရှာချင်တော့ တစ်ခါဝင်တိုင်း ကျော်ခွဖို့  Proxy Software တစ်ခုခုကို Run ရတယ်.. အဲဒါကလည်း ကော်နက်သေမကောင်းရင် မတက်ဘူး.. ခု ဒီနည်းလေးနဲ့က မဆိုးဘူးဗျ... တစ်ခုတော့ အလုပ်ပိုတာက နောက်လင့်တစ်ခုကူးတိုင်း HostName ကို IP နဲ့ ပြောင်းရိုက်ပေးနေရတယ်...
Address Bar မှာ www.4shared.com ဆိုပြီး သွားလိုက်တော့ Access Denied တဲ့...
အဲဒါနဲ့  အောက်က HostName ကနေ IP Address ပြောင်းပေးတဲ့ဆိုက်မှာ 4Shared ရဲ့  IP Address ကို Convert လုပ်လိုက်တော့ 72.233.72.149 တဲ့... အဲဒါကို Address Bar မှာ ရိုက်လိုက်တော့ ထွက်လာပါလေရော.. ကိုယ်ဝင်ချင်တဲ့ 4Shared ဆိုက်ကြီး...
Proxy Software မသုံးချင်ပဲ ပိတ်ထားတဲ့ ဆိုက်ကလေးတွေဖွင့်ချင်ရင်တော့ စမ်းကြည့်ကြပေါ့ဗျာ.. အောက်မှာ HostName ကနေ IP Address ကိုပြောင်းပေးတဲ့ ဆိုက်တွေရဲ့  လိပ်စာတွေ... တစ်ခြားဆိုက်တွေလည်းရှိဦးမယ်... ထပ်သိချင်ရင်တော့ Google မှာ ပြူးပြဲပြီး ရှာကြည့်ပေါ့ဗျာ... နော...
HOSTNAME TO IP ADDRESS CONVERTER SITE LIST
http://my-i-p.com/HOST_to_IP.html
http://www.hcidata.info/host2ip.htm
http://www.bala-krishna.com/web-tools/host-name-to-ip-address
Monday, January 5, 2009
Google Hacks
ဒါလေးကတော့ Google Hacks ဆိုတဲ့ Software လေးပါ...
ဒါလေးနဲ့  Google ထဲမှာ ကိုယ်လိုချင်တာရှာရတာလည်း အဆင်ပြေတယ်...
စမ်းသုံးကြည့်ကြပါ... သဘောကျမယ် ထင်ပါတယ်...
အောက်မှာ ယူနိုင်ပါတယ်...![]()
Wednesday, December 31, 2008
Happy New Year
ကြိုတင်ထားလိုက်ပြီကွာ... လာထားပဲ..
Happy New Year!


နေခဲ့ဦးတော့ 2008 ရေ...
နှစ်သစ်မှာ ပျော်နိုင်ကြပါစေ...










