ပိတ်ထားတဲ့ တစ်ချို့ ဆိုက်လေးတွေကို Hostname နဲ့ မထွက်ပဲ IP နဲ့ စမ်းထွက်ကြည့်တော့ ရတယ်ဗျ...
ဘလော့တွေတော့ အဆင်မပြေဘူး... တစ်ချို့ ဝက်ဘ်ဆိုက်တွေတော့ရတယ်...
တစ်ခါတစ်လေ ဆော့ဝဲလ်တစ်ခုခုလိုချင်ရင် 4Shared မှာ သွားရှာချင်တော့ တစ်ခါဝင်တိုင်း ကျော်ခွဖို့  Proxy Software တစ်ခုခုကို Run ရတယ်.. အဲဒါကလည်း ကော်နက်သေမကောင်းရင် မတက်ဘူး.. ခု ဒီနည်းလေးနဲ့က မဆိုးဘူးဗျ... တစ်ခုတော့ အလုပ်ပိုတာက နောက်လင့်တစ်ခုကူးတိုင်း HostName ကို IP နဲ့ ပြောင်းရိုက်ပေးနေရတယ်...
Address Bar မှာ www.4shared.com ဆိုပြီး သွားလိုက်တော့ Access Denied တဲ့...
အဲဒါနဲ့  အောက်က HostName ကနေ IP Address ပြောင်းပေးတဲ့ဆိုက်မှာ 4Shared ရဲ့  IP Address ကို Convert လုပ်လိုက်တော့ 72.233.72.149 တဲ့... အဲဒါကို Address Bar မှာ ရိုက်လိုက်တော့ ထွက်လာပါလေရော.. ကိုယ်ဝင်ချင်တဲ့ 4Shared ဆိုက်ကြီး...
Proxy Software မသုံးချင်ပဲ ပိတ်ထားတဲ့ ဆိုက်ကလေးတွေဖွင့်ချင်ရင်တော့ စမ်းကြည့်ကြပေါ့ဗျာ.. အောက်မှာ HostName ကနေ IP Address ကိုပြောင်းပေးတဲ့ ဆိုက်တွေရဲ့  လိပ်စာတွေ... တစ်ခြားဆိုက်တွေလည်းရှိဦးမယ်... ထပ်သိချင်ရင်တော့ Google မှာ ပြူးပြဲပြီး ရှာကြည့်ပေါ့ဗျာ... နော...
HOSTNAME TO IP ADDRESS CONVERTER SITE LIST
http://my-i-p.com/HOST_to_IP.html
http://www.hcidata.info/host2ip.htm
http://www.bala-krishna.com/web-tools/host-name-to-ip-address
ဒီပို့ စ်လေးကို ပရင့်ထုတ်မယ်













No comments:
Post a Comment