Monday, May 4, 2009

ရောက်တတ်ရာရာ - ၁

ဒီနေ့ပါဆို မူဆယ် ရောက်နေတာ ဆယ်ရက်ရှိသွားပြီ...
တစ်နေ့ တစ်နေ့ အလုပ်ကလည်း မယ်မယ်ရရတော့ လုပ်စရာမရှိ... လူကလည်း မရှိလို့ ကလည်း အဆင်ကမပြေနဲ့...
ွှအွန်လိုင်းကလည်း နေ့တိုင်းမရ... ကော်နက်ရှင်လေးကောင်းပါစေပဲ အမြဲဆုတောင်းနေရတယ်...
ဘယ်မှလည်း မလည်ချင်နဲ့  ... အင်တာနက်လေး ကောင်းနေပါမှ အဆင်ပြေတာ...
လိုချင်တာလေးတွေရှာလိုက်... ဖတ်ချင်တာလေးတွေဖတ်လိုက်နဲ့ ...
ဘာပဲပြောပြော.. ဆိုးဘူး... ကော်နက်ရှင်လေးကောင်းနေရင်... မနေ့ကပဲ OS သုံးခု ဒေါင်းလော့ဆွဲလိုက်ရသေး... မိုက်မှမိုက်...
အလုပ်ထဲကနေ ည ကိုးနာရီလောက်မှ ပြန်.. ထမင်းဝင်စား... ပြီးတော့အိပ်... ဒီလိုပဲ လည်ပတ်နေရတာ...
ညည အိပ်မပျော်သေးခင်ဆို တူလေး တစ်ကောင် ( မျောက်မူးလဲ ) လေးကို အရမ်းသတိရနေတယ်...
ဘာပဲပြောပြောပါလေ.. အဝေးမှာ နေတတ်တာကတော့ အကျင့်ဖြစ်နေပြီဆိုတော့ အိမ်လွမ်းတဲ့ရောဂါကတော့ မရှိပေါင်...
ဒီနေ့လည်း တော်သေး... ကိုရွှေ အွန်လိုင်းလေး ကော်နက်ရှင် တစ်နေကုန်ရနေလို့ ...
"နက်ဖြန်လည်း ရပါစေသား အရှင်ဘုရား" လို့ ပဲ ဆုတောင်းရင်း...


ဒီပို့ စ်လေးကို ပရင့်ထုတ်မယ်

1 comment:

မောင်ဘိုတောက် said...

ပြန်မလာနဲ့ကွာ .. . .အဲမှာပဲ တစ်သက်လုံးနေတော့ .. .

Post a Comment

Web Analytics