Thursday, April 9, 2009

အော်... သင်္ကြန်....သင်္ကြန်....




အော်... ဘာလိုလိုနဲ့  သင်္ကြန်ရက်တောင်ရောက်တော့မှာပဲ.... ရုံးက ၁၀ ရက်နေ့ကနေ စပိတ်ပြီဆိုတော့ ပျင်းတော့ပျင်းသား...
ဒီနှစ်တော့ အိမ်တွင်းပဲအောင်းရတော့မဲ့ ဘ၀ပါ... လည်ခွင့်လည်းမရှိတော့ဘူးလေ... ပါမစ်ပိတ်သွားပြီ... သင်္ကြန်မတိုင်ခင် ကမြင်းကြောထတာ နည်းနည်းလွန်သွားတော့ ရာဇသံပေးတာ ခံထားရတယ်...
"ထွက်ရဲရင် ထွက်လည်စမ်း...ဘာ..." တဲ့...
အဟင့်... ဆိုးလိုက်တဲ့ ဘ၀ပါလားနော်...
တူများတွေလို အိမ်မှာကလည်း အင်တာနက်က သုံးစရာမရှိတော့ ခက်ကပြီ... သီချင်းဖွင့်ပြီး သင်္ကြန်ယိမ်းပဲ က နေတာကောင်းပါမယ်..နော...
ဘယ်ရမလဲ... ထွက်မလည်ရတော့လည်း ရေချိုးခါနီးမှ ရပ်ကွက်ထဲလမ်းသလားလိုက်ရင် ကလေးတွေကတော့ သေချာပေါက် ရေပက်မှာပဲ.... အင်္ကျီကျွတ်နဲ့  ဆပ်ပြာတစ်ခဲကိုင်ပြီး သွားလိုက်မှာပေါ့... လာထားပဲ... ရေအချိုးရသက်သာလည်း နည်းသလားပေါ့...
အင်း... တစ်နှစ်လုံးမကောင်းတာ လုပ်တာတွေလည်းများခဲ့ပြီဆိုတော့ ယမမင်းမျက်နှာသာပေးအောင် နှစ်ဆန်းတစ်ရက်နေ့ မှ ငါးလေးဘာလေးလွှတ်ပြီး ဥပုသ်လေးတစ်ရက်လောက်စောင့်လိုက်ပါဦးမယ်လေ...
ပျော်ခွင့်ရှိတဲ့သူတွေတော့ ပျော်နိုင်ကြပါစေ.... လို့ ....
သူငယ်ချင်း အပေါင်းအသင်းမိတ်ဆွေအားလုံးလည်း နှစ်သစ်မှာ စိတ်သစ်ကိုယ်သစ်နဲ့  လန်းဆန်းပျော်ရွှင်ကြပါစေ... လို့ ...



ဒီပို့ စ်လေးကို ပရင့်ထုတ်မယ်

2 comments:

မောင်ဘိုတောက် said...

ကိုယ့်ဟာကို ကဲတာပဲ .. . ခံပေါ့။ နဲတောင် နဲသေး ..။
ဝမ်းသာလိုက်တာ .. ဟေ ဟေ့

Nameless Creator said...

မောင်ဘိုတောက်ကလေးရယ်...
စက်ရက်လှချည်လား... အဲလောက်တောင်မေတ္တာထားရလား....

Post a Comment

Web Analytics