Thursday, November 6, 2008

ပေါက်တတ်ကရ မှတ်သားဖွယ်

ဒါလေးက ကျွန်တော့်ရဲ့  ချစ်ဘော်ဒါကြီး HNL မေးလ်ထဲကနေ ပို့ ထားတဲ့ ဟာလေးတွေပါ....



မိန်းမတွေသာ မရှိရင် ကမ္ဘာပေါ်မှာ ငွေဆိုတာ ဘာမှ အဓိပ္ပါယ်ရှိမှာ မဟုတ်ဘူး။

အိမ်ထောင်မကျခြင်းဟာ မျိုးရိုးလိုက်တဲ့ ရောဂါတော့ မဟုတ်ဘူး။

အစဉ်သဖြင့် ကြာရှည်တည်တံ့နေတာဟာ ချစ်မေတ္တာ မမည်ဘူး၊

အဲဒါ...ပလပ်စတစ်ပဲ..။

လူမိုက်တွေသာ အိမ်ထောင်ပြုကြတာ...၊

လူယုတ်မာတွေကတော့ လူပျိုကြီးပဲ လုပ်ကြတယ်။

ယေကျာ်းတွေဟာ ငါးစိမ်းမြင် ငါးကင် ပစ်တတ်တဲ့ အမျိုးတဲ့...၊

အဲဒါ မှားတယ်...ငါးစိမ်းရော ငါးကင်ပါ ယူမယ့် အမျိုး။


ထိုင်ပြီးပျင်းနေမယ့် အစား အိပ်ပစ်လိုက်ပါ။

ကြီးကြီးကျယ်ကျယ် စီမံဆောင်ရွက်တဲ့ နေရာမှာ ကြွက်တွေနဲ့ လူတွေဟာ နင်လားငါလားပဲ။


လူမိုက်မျက်နှာကို မကြည့်ချင်ဘူး ဆိုရင်တော့ သင့်ကြည့်မှန်ုကို
ရိုက်ခွဲပစ်လိုက်ပါတော့...။

အကောင်းဆုံး မိတ်ဆွေတွေတောင် တစ်ယောက် အသုဘ တစ်ယောက် လိုက်ပို့နိုင်ကြလို့လား။

ကြွက်ထောင်ချောက်တွေ ပေါ်လာပေမယ့်

ကြောင်တွေကတော့ ကြွက်ခုတ်နေတုန်းပဲ...။

တော်လှပါတယ် ဆိုတဲ့ လူတွေက နယူးကလီးယား လက်နက်ကို တီထွင်တယ်တဲ့ ၊ ဘယ်ကြွက်မှ
ကြွက်ထောင်ချောက် ထွင်ဖို့ စိတ်မကူးဘူး။


ဒီပို့ စ်လေးကို ပရင့်ထုတ်မယ်

No comments:

Post a Comment

Web Analytics