Monday, December 1, 2008

Keylogger အန္တရာယ်အတွက်

တစ်နေ့ က ရုံးပိတ်တုန်း ကိစ္စလေးတစ်ခုရှိလို့  အင်တာနက်သုံးဖို့  Cyber Cafe` တစ်ခုကို သွားတယ်...
Gmail ထဲက ဖိုင်လေးတစ်ဖိုင် လိုချင်လို့  သွားလိုက်တာပါ...
ဂျီမေးလ်ကို Login မလုပ်ခင် ခုတစ်လော လူပြောများနေတဲ့ KeyLogger ဆိုတာကို အမှတ်သွားရလိုက်တယ်...
ကိုယ့်ရုံးမှာ ကိုယ့်စက်ကိုယ်သုံးမဲ့သူတွေအတွက် ပြဿနာမရှိပေမဲ့ အများသုံးတဲ့ Cyber Cafe` မှာကတော့ စိတ်မချနိုင်ဘူး..
ဒါနဲ့  Task Manager ကို ဖွင့်ပြီး သံသယဖြစ်မဲ့ Program တွေရဲ့  Process ကို သတ်မယ်ဆိုပြီး ခေါ်ကြည့်တော့ Permission ကမရှိဘူး...
အဲဒီလိုဖြစ်တာနဲ့  ဒီပို့ စ်လေးကိုတင်လိုက်တာပါ...


ပုံမှန်ဆိုရင်တော့ Internet ကို အပြင်မှာ သုံးရင် USB ထဲမှာ လိုအပ်တဲ့ Software လေးတွေထည့်ထားတတ်ပါတယ်..
Login ၀င်ရမဲ့ ကိစ္စ မှန်သမျှရှိလာရင် သုံးဖို့  ဒီ Software လေးတွေကို သွားလေရာမှာ ဆောင်ထားသင့်ပါတယ်...
ဒါမှ ကိုယ့် Password အတွက် စိတ်အေးလက်အေးရှိနိုင်ပါမယ်...
Installation မလုပ်ရပဲ သုံးရတာဆိုတော့ အဆင်ပြေပါတယ်...

ပထမ တစ်ခုကတော့ Task Manager ကို ခေါ်မရတဲ့ အခါမှာ သုံးဖို့ ပါ...
Process Explorer ဆိုတဲ့ Software လေးပါ... ကိုယ်မလိုတဲ့ Process တွေကို Kill လုပ်လို့ ရပါတယ်..
ဒါလေးကို Run လိုက်တာနဲ့  လက်ရှိ run နေတဲ့ Process တွေကို ပြပေးပါလိမ့်မယ်...
အဲဒီထဲကမှ မိမိမလိုတဲ့ Process တွေကို Right Click ထောက်ပြီး kill process ကိုရွေး ( or ) Delete ကို နှိပ်ပြီး သတ်နိုင်ပါတယ်...

Process Explorer ကို ဒီမှာ ယူပါ

ဒီတစ်ခုကတော့ Neo's Safe Key ဆိုတဲ့ Software လေးပါ...
သူလည်း Portable ပါပဲ...
Password ရိုက်တဲ့ အခါမှာ Browser ထဲမှာ တန်းမရိုက်ပဲ ဒီ Software ပေါ်မှာ ရိုက်ပြီးမှ Drag & Drop လုပ်ပါ...

Neo's Safe Key ကို ဒီမှာ ယူပါ





ဒီပို့ စ်လေးကို ပရင့်ထုတ်မယ်

1 comment:

Akaris said...

ကောင်းလိုက်တဲ့ ပို့စ်လေး
ကိုက ဘာမှ မလုပ်ဘူးဆိုပေမယ့် အန္တာရာယ်ကင်းအောင်
အဲ့လိုလေးတွေလုပ်သင့်တယ်

Post a Comment

Web Analytics