Thursday, September 4, 2008

အသည်းကွဲနှုတ်ခမ်းပေါ်မှာ အိပ်ပျော်သွားတဲ့အိပ်မက် - ၁

အချစ်ဟောင်းရေ
ဝေဒနာတွေပေါင်းရုံးပြီးထားရစ်ခဲ့ပါ
ရင်တစ်ခုလုံး ကျကြေကွဲပါစေ
အလွမ်းမှတ်တိုင်ကြီးအဖြစ်နဲ့ နေမယ်...
နောက်ဘ၀ဆုတောင်းနဲ့ 
ငါတို့ ...မဖြစ်မနေပေါင်းစည်းကြတဲ့အခါ
တို့ ကျခဲ့တဲ့မျက်ရည်တွေ
ပန်းတွေလိုပွင့်ပြီး
ဥယျာဉ်ကြီးနဲ့ တူတဲ့အနာဂတ်မှာ
ဝေးကွာခြင်းဆိုတဲ့အကြောင်းဆိုးမှန်သမျှရပ်စေ...



အခုဘ၀မတော့...သွားပေဦးပေါ့
သံယောဇဉ်ကြိုးတွေလျှော့ရင်း, လျှော့ရင်း
တင်းကြိုးနဲ့ ငြိရင်းဖြတ်ချခံလိုက်ရတဲ့လျှော့ကြိုးစွန်လို
လေနှင်ရာဝေး...
ဒီဘ၀ထက်ပိုပြီး မပြေးနိုင်တော့ပါဘူး...
ချစ်ခြင်းဆိုတဲ့သစ္စာမှာ
တို့ နှစ်ယောက်ရဲ့  ဖြစ်ပျက်သမျှတွေကို
မြှုပ်နှံလိုက်ပါကွယ်...

Written By : လရောင်ချို


ဒီပို့ စ်လေးကို ပရင့်ထုတ်မယ်

No comments:

Post a Comment

Web Analytics