Friday, September 12, 2008

ကျွန်တော် နှင့် အင်တာဗျူး

တစ်နေ့ မှာ ပျိုမေတို့ အသည်းစွဲ ကမ္ဘာကျော် PLAYGIRL မဂ္ဂဇင်းမှ အယ်ဒီတာချုပ်ဖြစ်သူ Mrs.JaLaybe သည် နာမည်ကျော် သရုပ်ဆောင်၊ အဆိုတော်၊ စာရေးဆရာ၊ အားကစားပညာရှင် ကြီးတစ်ဦးဖြစ်သူ ကျွန်တော် ဂုရုကြီး မောင် Namelesscreator ထံသို့  အင်တာဗျူးရန် လာရောက်ခဲ့ပြန်ချေပြီတမုံ့ ... ( ဒန့် တန့် တန့်  )

Mrs.JalayBe : အသဲကျော်လေးရေ...

Namelesscreator : ပြောပါ အမေ ( အဟိ... ငါ့အဖေတော့ ၀မ်းသာလိုက်မဲ့ ဖြစ်ခြင်း )... ဆောတီး..ဆောတီး... ပြောပါ မဒမ်...

Mrs.JalayBe
: မေးခွန်းလေး နည်းနည်းမေးမယ်နော်...

Namelesscreator : မေးပါ... မေးပါ... ဒီကလည်း ကမ္ဘာကျော်ဆိုတော့ ကမ္ဘာကျော်မဲ့ မေးခွန်းတွေသာမေး၊ ကမ္ဘာကျော်အောင်ဖြေပေးမယ်...


Mrs.JalayBe : အသဲကျော်လေးက အနုပညာကို ဘယ်အချိန်ကတည်းက ၀ါသနာ ပါလာတာလဲဟင် ?

Namelesscreator : အဟမ်း.. အဟမ်း.. ဒီလိုဗျ... ကျွန်တော့် အမေပြောတာကတော့ မမွေးခင်ကတည်းကလို့  ပြောတာပဲ...
ဒီလိုဗျာ... ကျွန်တော့်ကို ကိုယ်ဝန်စရှိတော့ အမေ ဘာကို ချဉ်ခြင်းတသလဲဆိုတော့ မျောက်ပွဲကြည့်ချင်တယ်..( ဒါကသရုပ်ဆောင်ဗီဇ )
ခုနစ်အိမ်ကြား ၊ ရှစ်အိမ်ကြားအောင် Heavy Metal သံနဲ့  အော်ဆဲချင်တယ်.... ( ဒါက အဆိုတော်ဗီဇ )
ဈေးထဲရောက်ရင် ဈေးအိမ်သာတက်ပြီးတော့ နံရံမှာ စာတွေလျှောက်ရေးချင်တယ်.. ( ဒါက စာရေးဆရာဗီဇ )
နောက်တစ်ခါ ရပ်ကွက်ထဲမှာ ရှိတဲ့ အသုဘအိမ်တွေမှာ ည. ည ဖဲသွားကစားချင်တယ်.. ( ဒါက အားကစားဗီဇ ) တဲ့လေ…
ကဲ... အဲဒါသာကြည့်တော့ .... မမွေးခင်ကတည်းကကို ဘယ်လောက် အနုပညာဝါသနာ၊ ဗီဇ ပါလာသလဲဆိုတာ...

Mrs.JalayBe : ဟမ်မရေး... တော်လိုက်တာနော်... ဗီဇ..ဗီဇ... တယ်ကြောက်စရာကောင်းပါလား... ဘုရား ..ဘုရား.. အိုး..မိုင်ဂေါ့... အလ္လာအရှင်မြတ်ကယ်တော်မူပါ...

အင်တာဗျူးဆရာမ Mrs.JalayBe ခမျာ မျက်လုံးလေး ပြာလတွတ် ပြာလတွတ်နဲ့  ရင်ဘတ်ကိုဖိရင်း သက်ပြင်းတွင်တွင်ချလို့  ဘုရားတရားသာ တမိချေတော့သည်...

Mrs.JalayBe : အင်း...အင်း... ထားပါတော့.. ထားပါတော့.. ဒါနဲ့  ရှင့်ရဲ့  အနုပညာ လှုပ်ရှားမှုအကြောင်းလေးတွေ နည်းနည်းလောက်ပြောပြပါလား ?

Namelesscreator : အင်း.. ရပါတယ်.. အနုပညာနဲ့  ပတ်သက်လို့ ကတော့ အကုန်ကိုလုပ်တာဗျာ... အစုံပဲ...
မိုက်ကရိုဖုန်း ကိုင်ရအောင် ရပ်ကွက်ထဲမှာ ထီလည်ရောင်းတယ်ဗျာ...
သရုပ်ဆောင်အနေနဲ့  ရပ်ကွက်ထဲက အချောက်တွေ မာမီတွေနဲ့  ရှောက်သီးဆေးပြား လည်ရောင်းတယ်...
စာရေးတာတို့ ... ပန်းချီရေးတာတို့ ဆို ကားနံပါတ်ပြားတို့ ၊ သတိပေးဆိုင်းဘုတ် ( ဥပမာ - ဤနေရာတွင်သေးမပေါက်ရ ) တို့  ဘာတို့ ရေးတယ်ဗျာ...
အားကစားအနေနဲ့  တူတူပုန်းတမ်းတို့ ၊ ဂေါ်လီရိုက်တမ်းတို့  ၊ ရှမ်းကိုးမီးတို့  ၊ ပိုကာဒေါင်းတာတို့  လုပ်တယ်...

Mrs.JalayBe : ရှင့်ရဲ့  ပညာရေးဆိုင်ရာ ဘွဲ့ လေးတွေကကော...

Namelesscreator : အင်း..တော်တော် ထူးချွန်ခဲ့တာဗျ... ဘွဲ့ တွေလည်း အများကြီးရခဲ့တယ်...
သူငယ်တန်း ကို ခြောက်နှစ် တက်ခဲ့ပြီး လေးတန်း စတုတ္ထနှစ်မှာ ကျောင်းထွက်ခဲ့တယ်...
နောက်ပြီး တစ်ခြားဘွဲ့ တွေလည်း အများကြီး ရခဲ့တယ်... မျောက်မူးလဲ ၊ အော့ကြောလန် ၊ အရပ်ပျက် ၊ အာ... အများကြီးပဲဗျာ.. မှတ်မိတော့ဘူး...

Mrs.JalayBe : ရှင့် တစ်သက်မှာ ခုချိန်ထိ ရခဲ့တဲ့ ဆုတွေ ပြောပြပေးပါလား...

Namelesscreator : ရခဲ့တဲ့ ဆုတွေက တော်တော်များတယ်ဗျ...
အော်ဇကာ ( အော်စကာ ထက်မြင့်သော ) 99 ဆု ၊
ဂရမ်မီဓါတ်လုံး ( ဓါတ်ပြားများကုန်သွား၍ ) 102 ဆု ၊
အရောင်းထိုင်းဆုံး စာရေးဆရာဆု ( Best Seller ထက်ပိုလန်းသော ) ကတော့ ထုတ်လိုက်တဲ့စာအုပ်တိုင်းပါပဲ ၊
ခဲ ( ဂဲ )တံဆိပ် ( ရွှေ ၊ ငွေ ၊ ကြေး တံဆိပ်များထက် သာသော ) 179 ဆု ၊ ရရှိထားပါတယ်...
နောက်လည်း ဒီ့ထက်မက အောင်မြင်မှုရအောင် ကြိုးစားမယ်ဆိုတာ ကတိပေးပါတယ်ဗျာ...

Mrs.JalayBe : ရှင့်ရဲ့ အနာဂတ် ရည်မှန်းချက်ကကော...???

Namelesscreator : အင်း ... အနုပညာလောက က အနားယူပြီးရင်တော့ ဇနီးမယားတွေ ၊ သမီးသားတွေနဲ့  စီးပွးရေးအခြေခိုင်ခိုင်မှာ ရည်းစားလေးတွေ ပွေနိုင်ဖို့ ပေါ့ဗျာ...

Mrs.JalayBe : ဟုတ်ကဲ့... ခုလို စိတ်ရှည် လက်ရှည် ဖြေကြားပေးတဲ့အတွက် "ကျန်းမာ ထီပေါက် ငရဲရောက်ပြီး နတ်လူ လက်ဖျား ခါနိုင်ပါစေ" လို့  ဆုတောင်းပေးခဲ့တယ်နော်...ကျွန်မလည်း မီရာ ဆိုက်ကားနဲ့  အာဖဂန်နစ္စတန် ကို ပြန်တော့မယ်...

Namelesscreator : နေဦးဆရာမ... တစ်ဆုကျန်သေးတယ်... ပေးခဲ့ဦးလေ...

Mrs.JalayBe : အမ်.. ဘာဆုလဲဟင်..???

Namelesscreator : "သွားလေရာ အိမ်ထောင်ကျပါစေ" လို့ လေ...

ကျွန်တော်လည်း ပြောပြီးပြီးချင်း အင်တာဗျူးဆရာမလေး Mrs.JalayBe ကို မျက်စိတစ်ဖက်မှိတ်ပြလိုက်ချေရာ...

"ဟမ်မလေး... အဘား...အဘား..."

Mrs.JaLayBe ခမျာ ကြောက်အား လန့် အားနှင့် ဖနောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် ပြေးပါလေတော့သတည်း။ ။

( မှတ်ချက် ၊ ၊ ဘာရယ် ညာရယ်တော့ ဟုတ်ပါဘူး... တစ်ခါတစ်လေလေး ပေါကြည့်လိုက်တာပါ )


ဒီပို့ စ်လေးကို ပရင့်ထုတ်မယ်

No comments:

Post a Comment

Web Analytics