ဂုဏ်သရေရှိနန်းတော်ရဲ့ 
လမ်းပေါ်ကနေ လမ်းခွဲဆင်းမယ်
ပန်းလိုကြဲမဲ့ နှင်းတွေအောက်
မီးခဲတွေကိုနင်းပြီးလျှောက်ဆိုလည်းလျှောက်မယ်
အရေးကြီးတာက...အချစ်တိုင်းပြည်ရောက်ဖို့ ပါပဲ...
သံမဏိရဲတိုက်ကအမုန်းအငြိုးတွေ
လှိုင်းတံပိုးလို ၀ိုင်းတိုက်ကြလည်း
ကိုယ်တို့ နှစ်ယောက်ကြားကို
ဘယ်သူမှ အပိုဒ်ခွဲလို့ မရစေရဘူး...
စိုက်စွဲလို့ ပြမဲ့ သစ္စာတရား
နေသက်တမ်းထိ ခိုင်မြဲသွားမယ်...
ကမ္ဘာကြီးရဲ့ တစ်ကိုယ်ရေစာပုံသေနည်းမှာ
အချစ်ကြီးသူတွေရဲ့ သမိုင်းရှိတယ်
လက်လွတ်စပယ်အနှောင့်အယှက်တွေကြောင့်
တစ်ယောက်အသက်သေရင် လိုက်ပြီးကြွေမယ်...
နှစ်နှစ်ခြိုက်ခြိုက် မင်းလိုက်ခဲ့ပါ
ငါတို့ မဆုံးစတမ်းပိုက်ပွေ့ ရမဲ့အရာတွေ
ချစ်ခြင်းဖွဲ့ ကောင်းကင် တစ်ဖြောက်ဖြောက်ကြွေနေပြီ...
Written By : လရောင်ချို
ဒီပို့ စ်လေးကို ပရင့်ထုတ်မယ်













No comments:
Post a Comment