ဒါလေးကလည်း မေးလ်ထဲကနေ Forward လုပ်ထားတဲ့ ဟာလေးပါ...
တစ်ခါက သူဌေးတစ်ဦးဟာ နာမည်ကြီးတံဆိပ် Jaguar ကားကိုစီးပြီး ဆင်းရဲသားရပ်ကွက် တစ်ခုထဲ အရှိန်နဲ့ မောင်းဝင်လာခဲ့တယ်။ ရပ်ကွက်ရဲ့ ကျဉ်းမြောင်းတဲ့ လမ်းတစ်နေရာအရောက် ဆော့ကစားနေတဲ့ ကလေးတစ်သိုက်ကြောင့် ကားအရှိန်ကို သူလျော့လိုက်တယ်။ လူအုပ်ကို ကားကျော်ဖြတ်ချိန်မှာ ရုတ်တရက် ကလေးတစ်ယောက်က ကားကို အုတ်ခဲနဲ့ လှမ်းပစ်လိုက်တယ်။ ကားပိုင်ရှင်သူဌေးဟာ ဒေါသတကြီးနဲ့ ကားပေါ်ကဆင်းပြီး အုတ်ခဲနဲ့ပစ်တဲ့ ကလေးရဲ့ လည်ဂုတ်ကို ဖမ်းဆွဲလိုက်တယ်။
"မင်း ဘာလုပ်လိုက်တာလဲ ပြောစမ်း? ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ? ဒီကား ဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာ မင်းမသိဘူးလား? ဒီကားကို ပြင်ဖို့ မင်းဘယ်လောက်တတ်နိုင်သလဲ?"
ဒေါသတကြီးနဲ့ အော်ငေါက်နေတဲ့ ကားပိုင်ရှင်ကို ကြည့်ပြီး ကလေးငယ်က
" ကျွန်တော်မှားသွားပါတယ် ခင်ဗျား.. အုတ်ခဲနဲ့သာ ကျွန်တော်လှမ်းမပစ်ရင် ကားတွေရပ်မပေးလို့ အခုလို့ လုပ်လိုက်ရတာပါ" လို့ တောင်းပန်တယ်။ ကလေးငယ်က ဆက်ပြီး...
"တွန်းလှည်းပေါ်ကနေ ကျွန်တော့်အစ်ကို ပြုတ်ကျပြီး ဒဏ်ရာရသွားပါတယ်။ အစ်ကို့ကို ကျွန်တော် မ, မနိုင်လို့ အခုလို လုပ်လိုက်ရတာပါ" လို့ အရည်လဲ့တဲ့ မျက်လုံးနဲ့ တောင်းပန်တော့တယ်။
ကားပိုင်ရှင်သူဌေးဟာ ငိုမဲ့မဲ့ ကလေးငယ်ကို ကြည့်ပြီး သနားသွားမိတယ်။ တွန်းလှည်းပေါ် ပြုတ်ကျနေတဲ့ ဒုက္ခိတ လူငယ်ကိုလည်း တွန်းလှည်းပေါ် ပြန်တင်ပေးပြီး ဒဏ်ရာကို ပွတ်သပ်ပေးလိုက်တယ်။
"ကျေးဇူးတင်ပါတယ်။ ဘုရားသခင်က သင့်ကို ကောင်းချီးပေးပါစေ" လို့ တွန်းလှည်းတွန်းပြီး ဆုတောင်းထွက်သွားတဲ့ ကလေးငယ်ရဲ့ နောက်ကျောကို ကြည့်ပြီး ကားပိုင်ရှင်ဟာ တစ်စုံတရာကို စဉ်းစားလိုက်မိတယ်။ ကားရှိရာဖက်ကို လေးကန်စွာ လျှောက်လာပြီး အုတ်ခဲမှန်ထားတဲ့ နေရာကိုလည်း မပြင်ဘဲ ထားဖို့ သူဆုံးဖြတ်လိုက်တယ်။ ဒါမှ ချိုင့်နေတဲ့ ခဲမှန်ရာကို ကြည့်ပြီး "အသက်တစ်ချောင်းရဲ့ ခြေလှမ်းဟာ အလှမ်းမြန်ကြောင်းကို ပတ်ဝန်းကျင်ကလူတွေ ခဲနဲ့ပစ်ပြီး ကိုယ့်ကို အသိပေးမှ သတိထားမိတာမျိုး မဖြစ်ရအောင်" ချန်ထားလိုက်တယ်။
အလုပ်တွေများ၊ အားလပ်ချိန်တွေနည်းပြီး ပတ်ဝန်းကျင်က ကိုယ်နှစ်သက်တဲ့လူ၊ ကိုယ့်မိသားစုကို လျှစ်လျှူရှူသလို ဖြစ်နေပြီလား? ဘေးကနေ တစ်ယောက်ယောက်က ခဲနဲ့ပစ်ပြီး သတိပေးမှ ကိုယ့်ကိုယ် သတိထားမိတာမျိုး မဖြစ်ပါစေနဲ့။ ဘဝရဲ့ အချိန်ဟာ တိုတိုလေးပါ... မနက်ဖြန်ဘာဖြစ်မယ်ဆိုတာကို ကြိုတင်မသိနိုင်ခင် လက်ရှိအချိန်မှာ ကိုယ့်ဘေးက လူတွေကို တန်ဖိုးထား ဂရုစိုက်လိုက်ပါ။
ဒီပို့ စ်လေးကို ပရင့်ထုတ်မယ်













No comments:
Post a Comment