Thursday, October 16, 2008

Don't Lose The People Who Love You

Karen ဟာ မိခင်တိုင်းလိုပဲ သူ့မှာကိုယ်ဝန်ရှိပြီလို့ သိလိုက်တာနဲ့ သုံးနှစ်အရွယ် သားလေး Mikael အတွက် အဖော်သစ်တစ်ယောက် မွေးဖွားဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့တယ်။ မွေးဖွားလာမယ့် ရင်သွေးငယ်ဟာ မိန်းကလေးဖြစ်မှန်းလည်း ကြိုသိခဲ့ကြတယ်။ သားလေး Mikael က အမေ့ဗိုက်ပေါ် မှောက်ပြီး နေ့နေ့ညည ညီမငယ်အတွက် သီချင်းတွေ ဆိုညည်းခဲ့တယ်။

Karen ကိုယ်ဝန်ဆောင်တဲ့ ကာလတစ်လျှောက်က ပုံမှန်ပါပဲ။ သူဟာ တောင်အမေရိက Tennessean တိုက်Morristown မြို့က မက်သဒစ်ခရစ်ယန် အဖွဲ့ဝင်တစ်ဦးဖြစ်တယ်။ နေ့စေ့လစေ့ ဖြစ်နေတဲ့ ကိုယ်ဝန်က ငါးမိနစ်ခြား၊ တစ်မိနစ်ခြားတစ်ခါ နာလာခဲ့တယ်။ နာရီအတော်ကြာ နာကျင်ခဲ့ပြီး ဗိုက်ခွဲမွေးရမလား ထင်ရအောင် မွေးဖွားဖို့ ခက်ခဲခဲ့တယ်။ နောက်ဆုံးတော့လည်း Mikael ရဲ့ ညီမလေးကို မွေးဖွားခဲ့ပါတယ်။ ဒါပေမယ့် ကလေးရဲ့ ကျန်းမာရေးက အတော့်ကို ဆိုးခဲ့ပါတယ်။ ညတွင်းချင်းပဲ ကလေးကို ကလေးအထူးကု ဆေးရုံရဲ့ အရေးပေါ်ခန်းကို ပို့ခဲ့ရတယ်။


နေ့ရက်တွေကို ဖြတ်သန်းဖို့ ခက်ခဲခဲ့ပါတယ်။ ညီမငယ်ရဲ့ ကျန်းမာရေးက တစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးလာခဲ့တယ်။ အထူးကုဆရာဝန်က Karen ကို " မျှော်လင့်ချက် အရမ်းနည်းတယ်။ အဆိုးဆုံးကို ပြင်ဆင်ထားရမယ်" လို့ ပြောခဲ့တယ်။

Karen နဲ့ ခင်ပွန်းက သူတို့မြို့ရဲ့ သင်္ချိုင်းမှာ ကလေးအတွက် မြေကွက်တစ်ခု ရှာထားလိုက်တယ်။ Mikael က ညီမလေးကို ကြည့်ပြီး သီချင်းဆိုပြဖို့ အတင်းပူဆာခဲ့တယ်။

အရေးပေါ်ခန်းကနေ ဒုတိယပတ်ကို ကျော်လွန်လာခဲ့တယ်။ ဒီတစ်ပတ်လွန်ပြီးရင် ကလေးကို လက်လွတ်ရမယ့် အခြေအနေကို ရောက်လာခဲ့တယ်။ Mikael က ကလေးကို သီချင်းဆိုပြဖို့ တစ်ချိန်လုံး ပူဆာနေခဲ့တယ်။ အရေးပေါ်ခန်းက ကလေးတွေကို ဝင်ခွင့်မပြုပါဘူး။ ဒါပေမယ့် Karen ကို မရရတဲ့နည်းနဲ့ ခေါ်ဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။ တကယ်လို့ ဒီတစ်ကြိမ်မှာ Mikael သာ ညီမလေးကို ဝင်မကြည့်ရရင် နောက်ဘယ်တော့မှ ညီမလေး အသက်ရှင်ရက်ပုံကို သူမြင်ခွင့်ရတော့မှာ မဟုတ်ပါဘူး။

နောက်ဆုံးမှာ Mikael ကို ဂုတ်အင်္ကျီဟောင်းကြီး တစ်ထည်ကို ဝတ်ဆင်ပေးပြီး အရေးပေါ်ခန်းထဲ ခပ်တည်တည်နဲ့ ခေါ်ဝင်ခဲ့တယ်။ အဝေးက ကြည့်ရင် အင်္ကျီတစ်ထည် လမ်းလျှောက်နေတဲ့ ပုံစံမျိုးနဲ့ တူနေတယ်။ ဒါပေမယ့် နပ်စ်တွေက သူ့ကို ကလေးတစ်ယောက်ဖြစ်မှန်း ချက်ချင်းသိလိုက်တယ်။ "ကလေးကို ခုချက်ချင်း အပြင်ထုတ်၊ ကလေးဝင်ခွင့်မရှိဘူး" လို့ အော်ဟောက်တာကို ခံလိုက်ရတယ်။

အမြဲ သိမ်မွေ့နူးညံ့တဲ့ Karen ရဲ့ မိခင်မာနက ဒီအချိန်မှာ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့တယ်။ အေးစက်တဲ့ မျက်လုံးနဲ့ နပ်စ်ကိုကြည့်ပြီး "သူ့ညီမလေးအတွက် သူသီချင်းဆိုခွင့် မရရင် ဒီအခန်းထဲကနေ လုံးဝ မထွက်နိုင်ဘူး" လို့ ပြန်အော်လိုက်တယ်။

သားငယ်ကို သမီးရဲ့ ကုတင်အထိ ခေါ်သွားလိုက်တယ်။ Mikael ဟာ အသက်လုပွဲအတွက် စစ်ရှုံးနေတဲ့ ညီမလေးကို ဂရုတစိုက် ကြည့်လိုက်တယ်။ နောက် သုံးနှစ်သား ကလေးရဲ့ အပြစ်ကင်းတဲ့ အသံနဲ့ သီချင်းကို စဆိုလိုက်တယ်။ "You are my sunshine, my only sunshine, you make me happy when skies are gray...."

ရုတ်တရက် ကလေးငယ် တုန့်ပြန်မှုရှိလာတယ်။ နှလုံးခုန်စက်က ခုန်နှုန်းဟာလည်း တစ်ဖြေးဖြေး တည်ငြိမ်လာခဲ့တယ်။ Mikael သီချင်းကို ဆက်ဆိုနေခဲ့တယ်။

"You never know, dear, how much I love you. Please don't take my sunshine away...."

အသက်ကို လုရှုနေရတဲ့ ကလေးငယ်ရဲ့ အသက်ရှုနှုန်းဟာလည်း ပုံမှန်ပြန်ဖြစ်လာခဲ့တယ်။ ကြောင်တစ်ကောင်ရဲ့ အသက်ရှုသံလိုပဲ "တဟူး..ဟူး.." နဲ့ ကြားနေရတယ်။

Mikael သီချင်းကို ဆက်ဆိုပြန်တယ်။
"The other night, dear, as I lay sleeping, I dreamed I held you in my arms...."

ကလေးငယ်လေး တစ်ကိုယ်လုံး ပြေလျှော့ အိပ်စက်သွားခဲ့တယ်။ Mikael သီချင်း ဆက်ဆိုနေဆဲပါပဲ။ မျက်ရည်စီးကြောင်းနှစ်ခုက နပ်စ်ရဲ့ ပါးပြင်ထက် ယိုစီးကျလာခဲ့တယ်။ Karen လည်း ဝမ်းနည်းစိတ်ကို ဘယ်လိုမှ မတားနိုင်ခဲ့ပါဘူး။

သင်္ဂြိုလ်အခမ်းအနားကို သူတို့ ဖျက်သိမ်းလိုက်တယ်။ ကလေးငယ်က တစ်နေ့ထက် တစ်နေ့ကျန်းမာလာခဲ့တယ်။ "အစ်ကိုရဲ့ အံ့ဖွယ်ရာ သီချင်းကြောင့်" တဲ့။ ဆရာဝန်တွေက "ဒါဟာ အရမ်းထူးဆန်း အံ့သြဖို့ကောင်းတဲ့ အဖြစ်အပျက်တစ်ခု" လို့ ပြောခဲ့ပါတယ်။

ကိုယ်ချစ်တဲ့လူရဲ့ လက်ကို ဘယ်တော့မှ မလွတ်ပါနဲ့.....


ဒီပို့ စ်လေးကို ပရင့်ထုတ်မယ်

No comments:

Post a Comment

Web Analytics