Blogger.Com မှာ Blog ရေးတဲ့ သူများ Address ဘားက မိမိဘလော့ဂ်လိပ်စာရှေ့ မှာ ပေါ်တဲ့ ပုံက
ပုံပဲ default ပေါ်ပါတယ်..
ဒါကို မကြိုက်လို့  မိမိစိတ်ကြိုက်ပေါ်စေချင်တဲ့ ပုံနဲ့  လဲချင်တယ်ဆိုရင်...
ပထမဦး မိမိကြိုက်တဲ့ ပုံကို Resolution 22 x 22 px ကနေ 32 x 32 px အတွင်းထားပြီး နှစ်သက်ရာဆိုက်တစ်ခုခုမှာ Upload တင်ပါ။
Pixels Size ကြီးသွားလို့  ကိစ္စမရှိပေမဲ့ မိမိဘလော့ဂ်ကို ၀င်တဲ့ သူတွေမှာ Page Loading တွေ ကြာနေမှာ စိုးလို့ ပါ။
ပုံရဲ့  Format ကတော့ gif, jpg, bmp, ico, png စသည်ဖြင့် နှစ်သက်ရာ လုပ်နိုင်ပါတယ်။
ပြီးရင်တော့ http://www.blogger.com မှာ မိမိအကောင့်နဲ့  Login လုပ်ပြီး Dashboard ကို ၀င်ပါ။
အဲဒီကနေ Layouts --> Edit HTML ကိုသွားပါ။
ပြီးရင် <head> နဲ့  </head> ကြားမှာ ဒီ Code လေးကို ထည့်ပါ။
<link href="http://www.geocities.com/uddin_81/icon/image1.gif" rel="SHORTCUT ICON">
အနီရောင် Bold တင်ထားတဲ့ စာ နေရာမှာ မိမိနှစ်သက်ရာ ပုံကို Upload တင်ထားတဲ့ လိပ်စာကို ထည့်ရပါမယ်...
ပြီးပါက Template ကို Save လုပ်နိုင်ပါပြီ...
ဒီပို့ စ်လေးကို ပရင့်ထုတ်မယ်













No comments:
Post a Comment