- ယောက်ျားများက မိန်းမများအကြောင်း အတန်အသင့်သိထားသည်ဟု ယူဆကြ၏။ အတန်အသင့်သိထားခြင်းသာကောင်းသည်။ ရာနှုန်းပြည့်သိရန် ကြိုးပမ်းလျှင် ရူးသွပ်၍ အသက်တိုနိုင်၏။
- မိန်းမများက ယောက်ျားများအကြောင်း တော်တော်ကြီး သိထားသည်ဟု ယူဆကြ၏။ တော်တော်ကြီးသိထားခြင်းသာကောင်း၏။ ရာနှုန်းပြည့်သိရန် ကြိုးပမ်းလျှင် ယောက်ျားများ၏ စိတ်ဝင်စားခံရမှု ဆုံးရှုံးသွားနိုင်၏။
- ခင်ပွန်းသည်အကြောင်း "A to Z" သိထားသည်ဟု ဇနီးဖြစ်သူက ပြောလေ့ရှိ၏။ ဇနီးအကြောင်း "က မှ အ" အထိ သိထားသည်ဟု ခင်ပွန်းသည်က ဆိုလေ့ရှိ၏။ အမှန်အားဖြင့် ရာနှုန်းပြည့် မမှန်ပါ။ "A to Z" ( သို့ မဟုတ် ) "က မှ အ" အထိ သိရိုးမှန်လျှင် ကွာရှင်းမှုဆိုင်ရာ ဥပဒေ အကျိုးဆောင်များ ကျိကျိတက်ချမ်းသာနေကြမည်ဖြစ်သည်။
- ဆရာများမှာ တပည့်များအကြောင်း သိထားသည်ဟု ဆိုကြလေ့ရှိသည်။ ယင်းဆိုလိုချက်တွင် တပည့်များက ဆရာများအကြောင်းသိထားခြင်းနှင့် နှိုင်းယှဉ်လျှင် ဆင် နှင့် ဆိတ် ကဲ့သို့  အနေအထားသာရှိ၏။ ထို့ ကြောင့် ဆရာများ ငြိမ်ငြိမ်နေအပ်ရာ၏။
- အချို့ က ငွေကိုယုံ၏။ အချို့ က လူကိုယုံ၏။ အချို့ က နှစ်ခုစလုံးကို ယုံ၏။ အချို့ က နှစ်ခုစလုံးကိုမယုံ။ ငွေကိုယုံလျှင် ရူးတတ်သည်။ လူကိုယုံလျှင် နှလုံးရောဂါ ရတတ်သည်။ နှစ်ခုလုံးကိုယုံလျှင် သက်ဆိုးမရှည်တတ်။ နှစ်ခုလုံးကို မယုံလျှင် လူဖြစ်ရှုံးတတ်၏။ ထို့ ကြောင့် ယုံလိုက် ၊ မယုံလိုက် နေအပ်ရာ၏။
- ဆရာဝန်အကြောင်း လူနာများက ပိုသိသည်။ ရှေ့ နေအကြောင်း အမှုသည်များက ပိုနားလည်သည်။ မန်နေဂျာအကြောင်း ၀န်ထမ်းများက ပိုသိသည်။ မိဘအကြောင်း သားသမီးများက ပိုသိသည်။ ပို၍သိခြင်း ၊ ပို၍နားလည်ခြင်းများကြောင့် လူနာများ ၊ အမှုသည်များ ၊ လက်အောက်ဝန်ထမ်းများနှင့် သားသမီးများ ပို၍ အရစ်ခံရ ၊ အဟောက်ခံရ ၊ အကြိမ်းခံရခြင်းများ ဖြတ်တတ်၏။ ထို့ ကြောင့် ပို၍ မသိဟန်ဆောင်နေအပ်ရာ၏။
ဒီပို့ စ်လေးကို ပရင့်ထုတ်မယ်













1 comment:
ရယ်ရတယ်
နောက်လည်း ရယ်စရာလေး တင်အုံး
Post a Comment