၁။ အဲဒီနေ့
ကောင်းကင်က ညိုမဲ
မိုးတစ်ဖွဲဖွဲ “စ“ တဲ့နေ့။
……………
၂။ အဲဒီနေ့
ကျုပ်မျှော်လင့်ချက် ရွက်သစ်တွေ
တစ်စစီ အချွေ “ခံ“ ရတဲ့နေ့။
…………..
၃။ အဲဒီနေ့
ကျုပ်လက်နဲ့ဖန်ဆင်း
မြစိမ်းရောင် ကျုပ်စိုက်ခင်းတွေ “ရေတိမ်နစ်“ တဲ့နေ့။
…………..
၎။ အဲဒီနေ့
မိုးစုတ်စုတ် အချုပ်
ရွာကျောင်းလေး ရေထဲ “မြုပ်“ တဲ့နေ့။
…………..
၅။ အဲဒီနေ့
ကျုပ်စိတ်ကူး အိပ်မက်ကြီး တစ်ခုလုံး
ကြမ္မာဆိုးသစ်လုံးတွေ အထပ်ထပ် “ဖုံး“ တဲ့နေ့။
…………..
၆။ အဲဒီနေ့
ရင်နဲ့လွယ်မွေး
ကျုပ် “သွေးလေး” တွေ၊ ရေ “စား“ ခံရတဲ့နေ့။
…………..
၇။ အဲဒီနေ့
တောသူမယား ကျုပ်သက်ထား
ဘ၀တစ်ပါးကို “သွား“ တဲ့နေ့။
…………..
၈။ အဲဒီနေ့
အဆိုးတကာ့ အဆိုးဆုံးနဲ့
ကြင်နာမြတ်နိုး ခိုကိုးရာ “အမိုး” တွေ လန်တဲ့နေ့။
…………..
၉။ အဲဒီနေ့
မွေးကတည်းက ရိုကျိုး
ကျုပ်တို့ ရှိခိုးရာ “ပုထိုး“ တွေပြိုတဲ့နေ့။
…………..
၁၀။ အဲဒီနေ့
ကျုပ်မိသားစု အသိုက်အမြုံကို
မိစ္ဆာနတ်ဆိုး “ဓား“ နဲ့ထိုးတဲ့နေ့။
…………..
၁၁။ အဲဒီနေ့
တစ်လောကလုံး မိုက်ရိုင်း
ကျုပ်“သမိုင်း“ မှာပါ “မုန်တိုင်း“ ကျတဲ့နေ့။
…………..
၁၂။ အဲဒီနေ့
ကျုပ်အိပ်မက် မမက်ရသေးခင်
အိပ်မက်ထဲက လှိုင်းလုံးတွေလာဖုံး
ကျုပ်တို့ရွာ “သုဉ်း“ တဲ့နေ့။ ။
……………………………………
( မှတ်ချက် = MBLOGGER ၏ ဘလော့ဂ်မှ ကူးယူ တင်ပြပါသည် ။ )
ဒီမှာ သွားဖတ်နိုင်ပါသည် ခင်ဗျာ ။
ဒီပို့ စ်လေးကို ပရင့်ထုတ်မယ်













No comments:
Post a Comment