Saturday, May 24, 2008

မိသားစု - ၁

ဖေဖေရက်ဖွဲ့ ခဲ့တဲ့ မိသားစုလေးထဲ
မေမေကခိုလှုံတယ်
မေမေရက်ဖွဲ့ ခဲ့တဲ့ မိသားစုလေးထဲ
ဖေဖေကခိုလှုံတယ်
ငါတို့ ရဲ့ နုနယ်မှုတွေလုံခြုံစွာကြီးပြင်း
မိသားစုသီချင်းမှာ
ဆည်းလည်းသံလေးများ
ကြည်နူးသံပြိုင် လှုတ်ခတ်ခဲ့ကြဖူးတယ်...။
တစ်နေ့ ...
ဘယ်လိုမုန်တိုင်းမျိုးမှန်း ဘယ်သူမှမသိနိုင်ခဲ့ကြ
ငါတို့ ရဲ့ စိတ်တွေ
တစ်နေရာစီ လွင့်ကျခဲ့ကြတယ်
ကျလေရာရောမတွေမှာ
ရောမလိုကျင့်ကြံပီသခဲ့ရတယ်...။
ငါတို့ ရဲ့ စိတ်တွေချင်း
လှမ်းမျှော်ကြည့်ရင် မမြင်နိုင်ကြဘူး...။


ဒီပို့ စ်လေးကို ပရင့်ထုတ်မယ်

No comments:

Post a Comment

Web Analytics