Saturday, May 24, 2008

မျှော်လင့်ချက် နဲ့  အမှားဝန်

" လူတွေဟာ မျှော်လင့်ချက်နဲ့ ရှင်သန်နေရတယ်ဆိုတာပဲ သိကြတယ်။ အဲဒီမျှော်လင့်ချက်နဲ့ ပဲ ပြန်သေနေရတာကိုတော့ မသိကြဘူး။ မျှော်လင့်မိရင် မျှော်လင့်မိသလောက် ခံစားရတယ်။ လောကမှာ မာယာယဉ်ကျေးမှုတွေများတယ်။ တစ်ချို့ အရာတွေက မြင်နေရရုံနဲ့ ပဲ ကျေနပ်ယူရတယ်။ ဆုပ်ကိုင်ချင်လို့ မရဘူး။ အဲဒီတော့... လောကမှာ အရာရာကို မိုးကုတ်စက်ဝိုင်းမျဉ်းသားပြီး ကြည့်နိုင်အောင် ကြိုးစားပါ။ တောင်ထွဋ်တွေများရင် ချောက်ကမ်းပါးတွေများမယ်။ မျှော်လင့်ချက်တွေများရင်တော့ ' အမှားဝန် ' တွေများလိမ့်မယ်..."



" ဒင်္ဂါးတစ်ပြားကို လေထဲမြှောက်ပစ်ပြီးခေါင်းလား၊ ပန်းလားဟု မေးလာ၍ ပန်းပန်ထားသောခေါင်း ကိုလိုချင်မိလျှင် ကိုယ်ပဲအလွန်ဖြစ်ပေလိမ့်မည်။ ပန်းဟုဖြေပါလျက် ခေါင်းချည်းကျနေလျှင်၊ ခေါင်းဟုဖြေပါလျှက် ပန်းချည်းကျနေလျှင် မည်သူ့ ကို အပြစ်တင်ရမည်နည်း။ ကံကြမ္မာကိုလား...ကိုယ့် ကိုယ် ကိုယ် ကိုလား..."

" လူတွေဟာ လှေကားတစ်စင်းစီ ထမ်းထားကြတယ်။ ဒီဘ၀ကနေ သေလွန်သွားတဲ့အခါ...တစ်ချို့ က အဲဒီလှေကားနဲ့  နတ်ပြည်ကိုတက်သွားကြပြီး၊ တစ်ချို့ ကတော့ အဲဒီလှေကားနဲ့ ပဲ ငရဲပြည်ကိုဆင်းသွားကြတယ်..."

From : တာရာမင်းဝေ ( စုန်းကိုက်ခံရတဲ့သစ်သီး )


ဒီပို့ စ်လေးကို ပရင့်ထုတ်မယ်

No comments:

Post a Comment

Web Analytics