Saturday, May 24, 2008

ကြေကွဲသူ၏ဘာသာစကား

နောက်ဆုံးရထားတစ်စင်းနဲ့ 
လွဲချော်ခဲ့သူပါ...
ငှက်ကလေးရေ...
" မနက်ဖြန် " လို့ အမည်ရတဲ့
သစ်တစ်ပင်ထံကိုသာ
အရောက်ပြန်ပေါ့ကွယ်...
ဆည်းဆာရီထဲမှာတော့
မသေချာမှုတွေ
စွန်းပေလို့ ...။
ကံစမ်းမဲပေါက်မှ
ရေကြည်သောက်ရမယ်...တဲ့
လှိုက်လှိုက်လှဲလှဲ ကြေကွဲပစ်လိုက်ပြီ။
မေမေ...။ ။

Written by - ဇော်မိုးလွင်


ဒီပို့ စ်လေးကို ပရင့်ထုတ်မယ်

No comments:

Post a Comment

Web Analytics