Melody::( ပြန်မဆုံနိုင်တော့ပြီဆိုတဲ့အသိဆိုးတွေ ရန်ကုန်မြို့ ကောင်းကင်မှာ ဒီမိုးတွေ သည်းနေတုန်း
လွယ်လွယ်နဲ့ မေ့ဖို့ မလွယ်လို့ မမေ့ခဲ့ခုအချိန်မျိုး ငိုချလိုက် တိမ်တွေလိုကြွေပြီမျက်ရည်မိုး )
Rap:1:: ဒီလိုမျိုးမိုးအေးအေးလေး အိမ်ထဲမှာငါ နွေးနွေးထွေးထွေးနဲ့ တွေးဆွေး လမ်းထိပ်ကအဝေးမှာဟေး
ငါ့နံဘေးမှာတွေ့  သူ့ ပတ်စပို့ စ်ပုံသေးသေးလေးဆေးတွေမှိန် ခပ်ရေးရေးဝါး အရောင်တွေတောင်ထွက်ပြေးလို့ သွား
မေ့လို့ မရ အဲဒီနေ့ တွေငါမြင် ကျူရှင်ကအဆင်းမိုးတွေရွာရင် ထီးတစ်ချောင်းအတူတူလမ်းတွေလျှောက်ခဲ့
လမ်းမှာလေကြမ်းတွေကြောင့်ကြွေမနွမ်းတဲ့ခရေပန်းတွေကောက် ဇာတ်လမ်းတွေသူ့ နှုတ်ခမ်းနဲ့ ကြွေခဲ့တဲ့အနမ်းတွေကြောင့် အချမ်းတွေပျောက်
တိုးဝင်နေကြပါ ဒီလိုမိုးရေတွေကြားမှာ အမျိုးတွေတွေ့ သွားမလား တစ်ချို့ တစ်လေမေးကြမလားစိုးရိမ်တတ်သူ
ငါတို့ တွေေ၀၀ါးစွာမက်ခဲ့တဲ့အိပ်မက်ကလည်း ကျိုးကြေကြေမွကာပျက်ခဲ့မိုးရေတွေကြားမှာပဲ
တို့ တွေကမ္ဘာခြားကာဝေးသွားဟိုမှာမင်းကျန်းမာရေးဂရုစိုက်ဖို့ မှာချင်တယ်မမေ့ပါနဲ့ 
ရုပ်ရှင်တွေထဲကအတိုင်းဆိုတော်တော်လေးအေးမှာပဲ အဖော်အလှော်တွေ တွေ့ ကာပျော် ပျော်နေမှာ
ဖုန်းဘယ်တော့ခေါ်မလဲလို့ မျှော်နေတာ မျှော်နေတာ
Melody:: ( ပြန်မဆုံနိုင်တော့ပြီဆိုတဲ့အသိဆိုးတွေ ရန်ကုန်မြို့ ကောင်းကင်မှာ ဒီမိုးတွေ သည်းနေတုန်း
လွယ်လွယ်နဲ့ မေ့ဖို့ မလွယ်လို့ မမေ့ခဲ့ခုအချိန်မျိုး ငိုချလိုက် တိမ်တွေလိုကြွေပြီမျက်ရည်မိုး )
Rap:2:: Ohn...စာလည်းမကျက်ချင်ပါငါ ညဘက်ဆက်တိုက်ထပ်မပျက်မကွက်အိပ်မက်တွေမက်ရင်းငါ ချစ်ခြင်းအိပ်မက်လည်ပတ်ရင်းရှာ
မိုး..မိုး..မိုးက ရက်နှစ်လတိုးပြောင်းလဲခဲ့နှုတ်ဆက်ရင်းငါငို တစ်ခါတုန်းကငါ့ဘ၀ မျှော်လင့်ချက်နဲ့ အသက်သွင်းကာ လက်ငင်းကမ္ဘာပျက်ယွင်းကာပြို
ငါဆိုတဲ့ဒီသီချင်း မင်းဟိုကနေနားထောင်နေမလား ရဲမင်းသိန်းဆိုတဲ့ချာတိတ်သူ့ ရဲ့ အသံကိုကြားယောင်နေမှာ
ခဏလောက်ဖြေပါ နီစပ်စပ်အသားရောင်တွေကြား ကိစ္စများမြောင်နေကာ ဘာ့ကြောင့်ဟိုက တစ်ခြားကောင်တွေစကားနားယောင်နေမှာလဲ
ဒါကသက်သေ ကဗျာစပ်နေဒီမှာ နာမည်ကြီးလဲ အဲဒီကဗျာစာရွက်တွေဝါဖန့် နေပြီကွာ ဟောင်းခဲ့ပြီပဲ
မကြာမကြာ Chat တွေ Internet တွေထိငါ ငယ်တုန်းကမင်းနာမည်ကိုအခါခါငါရှာဖတ်နေမိတာ အနာဂတ်တွေရှိမှာပဲ
နှုတ်ခမ်းတွေတောင်ပြာ မပြတ်အေးသည့်ညမိုးတွေကြားလမ်းတွေလျှောက်ကာပတ် အတွေ့ အထိကချမ်းနေသလောက်ငါ
မရပ်ပြေးပြီးရှာ အနမ်းတွေပျောက်ကာ ခပ်ဝေးကြီးက အလွမ်းတွေကြောင့်အနာ မကျက်သေးသည့်အရာဆေးမရှိပါ
မြန်မာပြည်ကနေအမှာဆက်ချွေမိတာ မိုးတွေရွာလျက်ဟေ့ဒီမှာ
Melody::( ပြန်မဆုံနိုင်တော့ပြီဆိုတဲ့အသိဆိုးတွေ ရန်ကုန်မြို့ ကောင်းကင်မှာ ဒီမိုးတွေ သည်းနေတုန်း
လွယ်လွယ်နဲ့ မေ့ဖို့ မလွယ်လို့ မမေ့ခဲ့ခုအချိန်မျိုး ငိုချလိုက် တိမ်တွေလိုကြွေပြီမျက်ရည်မိုး )
Rap:3:: မှန်မှန်ဖြေ အရင်ကဇာတ်လမ်းလွမ်းသလားမေးချင် ကမ္ဘာတစ်ခြမ်းကွာဝေးဆဲမင်းရဲ့ အလှမှန်းကာတွေးမြင်
တမ်းတဆွေးသီချင်းတွေမဆိုချင်ပဲနဲ့ ဆိုနေရပြီ အကယ်၍လမ်းမှာတွေ့ ရင်မင်းမှတ်မိဦးမလားငါ့အခန်းတံခါးစေ့ရင်း
ရှိခဲ့တဲ့အတိတ်ကပြီးခဲ့တဲ့ကိစ္စတွေမသိခဲ့သလိုမျိုးပဲ အကျိုးမဲ့နေဖို့ လဲမလွယ်လို့ ပဲတစ်ကယ့်ကိုမက်မဆဲတဲ့မိုးထဲမှာဘယ်လိုလဲမိုးရယ် အငြိုးနဲ့ ရွာခဲ့သလိုပဲ
တစ်ခါတည်းကိုငါ့အသည်းကိုခွဲ သေသွားပြီဘာနဲ့ သဂြိုဟ်မလဲ...Ohn..
Melody::( ပြန်မဆုံနိုင်တော့ပြီဆိုတဲ့အသိဆိုးတွေ ရန်ကုန်မြို့ ကောင်းကင်မှာ ဒီမိုးတွေ သည်းနေတုန်း
လွယ်လွယ်နဲ့ မေ့ဖို့ မလွယ်လို့ မမေ့ခဲ့ခုအချိန်မျိုး ငိုချလိုက် တိမ်တွေလိုကြွေပြီမျက်ရည်မိုး )
( ပြန်မဆုံနိုင်တော့ပြီဆိုတဲ့အသိဆိုးတွေ ရန်ကုန်မြို့ ကောင်းကင်မှာ ဒီမိုးတွေ သည်းနေတုန်း
လွယ်လွယ်နဲ့ မေ့ဖို့ မလွယ်လို့ မမေ့ခဲ့ခုအချိန်မျိုး ငိုချလိုက် တိမ်တွေလိုကြွေပြီမျက်ရည်မိုး )
တေးဆို = ရသ + Jenny
ဒီပို့ စ်လေးကို ပရင့်ထုတ်မယ်

No comments:
Post a Comment